နှစ် ၅၀ ပြည့် ရွှေရတု လီဆူးစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူး ပွဲတော်ကို မိုးကုတ်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။ ပွဲတော်တွင် ပြည်နယ် အသီးသီးမှ လီဆူး တိုင်းရင်းသား များစွာ တက်ရောက်ခဲ့ပြီး လီဆူးရိုးရာ အစားအသောက်များ၊ အခါးရည် များဖြင့်လည်း ဧည့်ခံကျွေးမွေးခဲ့သည်။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်