ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် သွန်းလုပ်သည့် ခေါင်းလောင်းများ အနက် တတိယ အကြီးဆုံး ဖြစ်သည့် ပိဿာချိန် ၁ သောင်းကျော်ရှိ ကြေးခေါင်းလောင်းကြီးကို မန္တလေး တမ္ပဝတီ ဆင်တဲတိုက် ဘုန်းကြီးကျောင်းတွင် မတ်လ ၁၉ ရက်နေ့ ည ၉ နာရီမှ စတင်ကာ ကြေးရည်ကျိုပြီး နောက် နံနက် ၄ နာရီအချိန်တွင် မိုလောင်း ကြေးသွန်းလုပ်ခဲ့သည်။ ကြေးသွန်းရန် ခေါင်းလောင်းမိုကို တနှစ်ခန့် အချိန်ယူ၍ ပြု လုပ်ခဲ့ကြောင်း၊ ကြေးသွန်းရာတွင် တမ္ပဝတီမှ ကြေးသွန်း ပညာရှင်များ လာရောက် ကူညီကြကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီး သွန်းလုပ်ပြီးစီးပါက ထားဝယ်မြို့ ရွှေတောင်စား စေတီတွင် ထားရှိမည်ဟု သိရှိရသည်။
(The Irrawaddy Weekly Journal, Vol.2, No.13 – စာမျက်နှာ ၂၆ နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)