၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တော့ မဲဆန္ဒနယ်မြေတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့တယ်။ ဓာတ်ပုံထဲမှာ ပါသလို ပင်နီဝတ် အတိုက်အခံပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွား ခဲ့တယ်။ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက အတိုက်အခံပါတီဟာ အစိုးရရဲ့ ပေါ်လစီမူဝါဒတွေနဲ့ အုပ်ချုပ်ရေးမှာ မဲဆန္ဒရှင် ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုပြီး ဝေဖန်ပြောဆို အတိုက်အခံလုပ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်တွေ ကောက်တာကလွဲ တိုင်းရင်းသားအရေး၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကစ ကျောင်းသားသပိတ်အဆုံး လွှတ်တော်ထဲမှာ ဘာသံမှ မထွက်ခဲ့တဲ့ အတိုက်အခံပါတီကို ၂၀၁၅ နောက်ပိုင်း ဘာသံများ ထွက်နိုင်ပါဦးမလဲ မေးလာနေကြပါပြီ။ (ဓာတ်ပုံ – ဧရာဝတီနှင့် Reuters)
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်