ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့အစွန်မှာ တမြို့လုံးက စွန့်ပစ်ကြတဲ့ ဧရာမအမှိုက်ပုံကြီး ရှိပြီး၊ အဲဒီ အမှိုက်ပုံကြီးရဲ့ ပတ်လည်မှာ စုစုပေါင်း တဲအိမ် ၁၂၇ လုံးရှိပါတယ်။ အမှိုက်ပုံကြီးကို မှီခိုပြီး ဝမ်းစာရှာကြတဲ့သူ တွေကတော့ ပြည်တွင်းစစ် ဖြစ်ပွားရာ ဒေသတွေက ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေပါ။ အမှိုက်ပုံကြီးနားမှာ သူတို့ရဲ့ သားသမီးတွေ အခမဲ့ ကျောင်းတက်နိုင်တဲ့ စာသင်ကျောင်းလေး ရှိသလို ကျန်းမာရေး အတွက် မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ရဲ့ အခမဲ့ မယ်တော်ဆေးခန်းကိုလည်း အားထားကြရပါတယ်။ အမှိုက်ပုံကြီးနဲ့ မှီခိုနေကြသူ မြန်မာတွေရဲ့ မြင်ကွင်းကို ဧရာဝတီ ဓာတ်ပုံသတင်းထောက် သော်ဟိန်းထက်က မှတ်တမ်းတင်ထားပါတယ်။
(The Irrawaddy Weekly Journal Vol.2 No. 25 စာမျုက်နှာ ၂၆နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါတယ်)