မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာတွင် ဧရာဝတီတိုင်း၊ ကန်ကြီးဒေါင့်မြို့နယ်၊ ကမ်းနားဈေးမှာလည်း ရေနစ်မြုပ်ခဲ့သည်။ သာပေါင်းမြို့နယ်အတွင်းရှိ ဘုရားညီကျေးရွာ ရွာလုံးကျွတ် ရေနစ်မြုပ်မှုကြောင့် ကျောင်းကုန်းကြီးမြို့နယ်အတွင်း ကုန်းမြင့်ရှိရာ ရန်ကုန် – ပုသိမ် ရထားလမ်းပေါ် သို့ အိမ်ခြေပေါင်း ၁၀၀ ကျော် ပြောင်းရွှေ့နေထိုင်လာခဲ့ကြသည်။ ရေဘေးသင့်ပြည်သူများသည် ကား လမ်းတဖက်တချက်တွင် တဲထိုးနေထိုင်ခဲ့ကြပြီး ဝမ်းရေးအတွက် အနီးအနားတွင်ပင် မြွေ၊ ငါး၊ ဖားများ ကို ရှာဖွေစားသောက်နေကြရာ အလှူရှင်များ လိုအပ်လျက်ရှိသည်။ ယာယီရွှေ့ပြောင်း ရေဘေးဒုက္ခ သည်များအကြောင်းကို ဓာတ်ပုံသတင်းထောက် သော်ဟိန်းထက်က မှတ်တမ်းတင်ထားပါသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။