ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် စက်တင်ဘာလ ၈ ရက်နေ့မှ စ၍ မဲဆွယ်စည်းရုံးခွင့် ပြုလိုက်ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ် အဖြစ် ကယားပြည်နယ်သို့ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ နေ့တို့တွင် သွားရောက်ခဲ့သည်။ ကယားပြည်နယ်သည် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်များဖြစ်ပြီး မဲဆန္ဒရှင် အရေအတွက် နည်းပါးသည့် အတွက် အမတ်လောင်းများ အကြိုက်တွေ့သည့် နိုင်ငံရေး အိုအေစစ် ဒေသတခု ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။