ရုပ်သံ

ရွေးကောက်ပွဲအလွန် မြန်မာပြည်ကို မျှော်မှန်းကြည့်ခြင်း

This article has been converted from Zawgyi One to Unicode

မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ် လင့်တနာနဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်တို့က ရွေးကောက်ပွဲအလွန် မြန်မာပြည်ရဲ့ အလားအလာများ ခန့်မှန်းသုံးသပ်ချက်၊ အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ တိုင်းရင်းသားအရေးတွေကို ဆွေးနွေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရဖွဲ့ပြီး တက်လာခဲ့ရင် တရုတ်နဲ့ ဆက်ဆံရေး၊ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရတုန်းက NLD နဲ့ တရုတ်ဆက်ဆံရေးကနေ ရွေးကောက်ပွဲမတိုင်ခင်အထိ ဆက်ဆံရေး၊ အစိုးရသစ်အနေနဲ့ မြန်မာပြည်တွင်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်မလား စတာတွေကို သုံးသပ်ထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ ‘ဝ’ နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အခန်းကဏ္ဍ၊ အစိုးရသစ်ရဲ့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ထားမယ့် မူဝါဒတွေကိုလည်း ဆွေးနွေးထားပါတယ်။ ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေး စင်တာ MPC ရဲ့ အစိုးရသစ်လက်ထက်မှာ ရင်ဆိုင်ရမယ့် အနေအထား၊ MPC ရဲ့ အနာဂတ်က ဘာလဲဆိုတာကိုလည်း ထည့်သွင်းဆွေးနွေးထားပါတယ်။

Loading