ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရတပ်သည် အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ယနေ့ထိ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ ထိုတိုက်ပွဲများကြောင့်ယင်းကျေးရွာများမှ ပြည်သူ ၁၀၀၀၀ နီးပါး စစ်ဘေး ရှောင်နေရပြီး၊ ဒုက္ခသည်များသည် ရှမ်းလူမျိုး၊ လီဆူးလူမျိုး၊ တအာင်း(ပလောင်) လူမျိုးတို့ ဖြစ်ကြသည်။ ယခုရိုက်ထားသည့် ပုံများမှာ မိုင်းရှူးမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးသည့် ဟိုင်းပါကျေးရွာမှ စစ်ဘေးရှောင်စခန်းနှင့် မိုင်းရှူးမြို့တွင်ရှိ စစ်ဘေးရှောင်စခန်းများတို့ဖြစ်သည်။ ဟိုင်းပါကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည် ၁၅၀၀ ခန့်ရှိလာပြီး မိုင်းရှူးမြို့တွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည် ၈၀၀ ကျော်ထိ ရှိလာသည်ဟုလည်း သိရသည်။ ဧရာဝတီသတင်းထောက် နမ်းဆိုင်နွမ် ရိုက် ကူးတင်ပြထားပါသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။