တန်ဆောင်မုန်းလပြည့်နေ့သည် တန်ဆောင်တိုင်မီးထွန်းညှိပူဇော်ပွဲ ကျင်းပသည့်လ၊ ကထိန်လျာ သင်္ကန်း ဆက်ကပ်သည့်လ၊ ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ မသိုးရွှေကြာသင်္ကန်း ကပ်လှူပွဲများ ကျင်းပသည့်လ ဖြစ်သကဲ့သို့ ယင်းနေ့တွင်ပင် ဘုရားရှင်က အဇာတသတ်မင်းကြီးအမှူးပြုသော ပရိသတ်တို့အား ရဟန်းပြုရသော အကျိုးကို ပြသည့် သာမညဖလ သုတ်ကို ဟောကြားတော်မူသော သာမညဖလ အခါ တော်နေ့လည်းဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲနှင့် ရန်ကုန်မြို့တွင်း မြင်တွေ့သည့် နိဗ္ဗာန်ဈေးအလှူပွဲများ အကြောင်းကို ဧရာဝတီဓာတ်ပုံသတင်းထောက် မျိုးမင်းစိုးက မှတ်တမ်းတင်ထားပါသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။