ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ စည်းကမ်းနဲ့ဥပဒေကို တိတိကျကျ လိုက်နာဖို့နဲ့ ပြည်သူတွေနဲ့ တသားတည်း ဖြစ်ဖို့အတွက်ကို အဓိကပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြားချက်တွေနဲ့ ပတ်သက်ပြီး NLD အမတ် ၂ ဦးဖြစ်တဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး က မေးမြန်းဆွေးနွေးထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ