Street Art အနုပညာတွင် နံရံများတွင် မှုတ်ဆေးဖြင့် ရေးဆွဲသည့် ဂရပ်ဖစ်တီ(Graffiti)၊ လူငယ်များ တစုနှင့်တစု အပြိုင် က,ရသည့် Street Dance ခေတ်ပေါ်အက (Underground) များ ပါဝင်သလို DJ ဟစ်ဟော့သီချင်းများလည်း ပါဝင်သည်။ Yangon Street Festival အစီအစဉ်ကို ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ပြုလုပ်ပြီး လူငယ်များက ဂရပ်ဖစ်တီ ရေးဆွဲခြင်း၊ ခေတ်ပေါ်အက (Underground) များ နှင့် DJ ဟစ်ဟော့ဂီတ ဖျော်ဖြေပွဲများကို ပြုလုပ်ခဲ့ရာ ဧရာဝတီ ဓာတ်ပုံသတင်းထောက် ဂျေပိုင်နှင့် မျိုးမင်းစိုး တို့က မှတ်တမ်းတင် ရိုက်ကူးတင်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။