အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အရွေးချယ်ခံအမတ်များအား မိမိတို့ သက်ဆိုင်ရာနယ်မြေတွင် ပြည်သူများကိုဦးဆောင်၍ အမှိုက်ကောက်ကြရန် ပြောဆိုလိုက်ပြီး နောက် ရဟန်းရှင်လူ ကျောင်းသားပြည်သူများက အလိုက်သိစွာ အမှိုက်ကောက်လှုပ်ရှားမှုများ စတင် ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်း ပြောကြားမှုကို အနက်ကောက်လျှင် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ၏ အလေ့အကျင့် တခုဖြစ်သည့် “စည်းကမ်းရှိရေး” ကို စတင်ကြဖို့ပင် ဖြစ်သည်။ ထို့ကြောင့် သူ၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် အမှိုက်ကောက် ခဲ့သည်။ တနိုင်ငံလုံးရှိ မြို့များ နယ်များတွင်လည်း NLD ပါတီက ဦးဆောင်၍ အမှိုက်ကောက်လျက် ရှိရာ ပြည်သူများ အမှိုက်ကောက်ကြပုံကို ဧရာဝတီ သတင်းထောက်များက မှတ်တမ်းတင်ထားပါသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။