ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အိုးဖိုရပ်ကွက်ရှိ အိုးလုပ်ငန်းများတွင် အလုပ်ရှားပါးလာနေ သည်။ မြေအိုး၊ စဉ့်အိုးအသုံးပြုသူများ နည်းပါးလာသည့်အတွက် အိုးလုပ်ငန်းများမှာ ရပ်ဆိုင်းသွားနိုင် သည့် အခြေအနေပင် ရင်ဆိုင်နေရကြောင်း၊ အိုးလုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။ လက်ရှိအိုး လုပ်ငန်းများတွင် စဉ့်အိုးကြီးများကို အော်ဒါရှိမှသာ လုပ်ကိုင်ရပြီး မြေအိုး၊ ပန်းအိုး၊ ဘုရားပန်းအိုးများ နှင့် ရေအိုးများသာ လုပ်ကိုင်နေကြရသည်။ ပြည်တွင်း လက်မှုလုပ်ငန်းတခုဖြစ်သော အိုးလုပ်ငန်းများ မပျောက်ကွယ်ရေး ဝိုင်းဝန်းအဖြေရှာစေကြလိုသော စေတနာဖြင့် ရိုက်ကူးတင်ပြလိုက်ပါသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။