ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ တပ်မတော်တို့ရဲ့ညှိုနှိုင်းဆွေးနွေးမှုတွေက ဘယ်အချိန်အထိရောက်နေပီလဲ၊ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်မှာ တိုင်းရင်းသားတွေရဲ့ ဦးဆောင်တဲ့အခန်းကဏ္ဍဟာဘယ်လောက်ထိအရေးပါမလဲ၊လက်ရှိမပြီးပျက်သေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကရော နောက်လာမယ့်အစိုးရအတွက် ဘယ်လောက်အထိအခက်အခဲတွေဖြစ်နိုင်ပြီးတော့ ဘယ်လောက်အထိရောအောင်မြင်နိုင်မလဲဆိုတာကို ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်တို့ကဆွေးနွေးထားကြတာဖြစ်ပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ