အညာဒေသ စားစရာတစ်ခုဖြစ်တဲ့ ခဲလန်ချောင်းကို မန္တလေးမြို့ဘုရားပွဲဈေးများမှာ မပါမဖြစ်ကဲ့သို့ ရောင်းချကြသည်ကို တွေ့မြင်ကြရသည် ။ ခဲလန်ချောင်းဟု မန္တလေးက ခေါ်ပြီး ရန်ကုန်တွင် ကောက်ညှင်းကျည်တောက်ဟု ခေါ်ကြသည်။ နေရာဒေသအလိုက် အခေါ်အဝေါ်ချင်း ကွဲသလို ပြုလုပ်ပုံနှင့် အရသာမှာ ကွာခြားသည်။ ပုံစံညီဖြတ်ထားသော ဝါးစိမ်းများထဲသို့ ကောက်ညှင်းဆန်နှင့် အုန်းသီးခြစ်များရောထားသည့် အစာများကိုထည့်၊ ရေထည့်ကာ ဖတ်နှင့်ပိတ်ပြီး မီးဖုတ်ကာပြုလုပ်ထားသည်။ ဝါးခွံကို ခွါလိုက်သော်လည်း ကျန်နေရစ်သော ဝါးစိမ်း၏ ရနံ့လေးကပင် စားချင်စိတ်ကို ဆွဲဆောင်နေသည်။ သီတင်းကျွတ်ပွဲဈေးဖြစ်သော ကျောက်တော်ကြီးဘုရားပွဲဈေးတွင် အများဆုံးမြင်တွေ့နိုင်သည် ။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်