ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်းမှာရှိတဲ့ ငါးရံ့ခြောက်ဖုတ်လုပ်ငန်းကို စက်ကလေးရွာကမ်းစပ်နားမှာ လုပ်ကိုင်နေကြတာတွေ့ရပါတယ်။
ငါးတွေကို အသင့်စားပြီးသားဖြစ်အောင် အခြောက်လှန်းခြင်း၊ မီးကင်ထုထောင်းပြီး တခါတည်းထုပ်ပိုးပြီးတော့ ရောင်းချပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးသက္ကလ ဒေသကနေတဆင့် ကုန်ကြမ်းငါးရံ့တွေကိုသွင်းယူထားပြီး အသင့်စားကုန်ချောက ၁ပိဿာ ၁သိန်း ၁သောင်းရှိပါတယ်။