ရန်ကုန်မြို့ပတ် ရထားလမ်း အနောက်ခြမ်း (အပိုင်း ၂) အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် စတင်ဆောင်ရွတ်လျှက်ရှိသည်။
အင်းစိန်-ကြည့်မြင်တိုင် ဘူတာ ကြားရှိ Level Crossing များ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အဆင့်မြှင့်တင်ရေး လုပ်ငန်းများမှာ အချက်ပြ စနစ်၊ ဆက်သွယ်ရေးနှင့် ရထား ပြေးဆွဲမှု စနစ်များကို ခေတ်မီ နည်းစနစ် များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) လေ့လာရေး အဖွဲ့တို့နှင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဂျပန်အစိုးရ ဘတ်ဂျက် ချေးငွေ အမေရိကန် ဒေါ်လာ ၂၀၆ သန်းကျော်နှင့် မြန်မာ အစိုး ရ ဘတ်ဂျက် ဖြစ်သည့် ဒေါ်လာ ၉၄ သန်း ကျော်ဖြင့် ဆောင်ရွက်သွားမည်ဟု မြန်မာ့ မီးရထားက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ပတ် ရထား စနစ်တွင် လက်ရှိ ရထားလမ်းကြောင်း သုံးခုနှင့် လမ်းခွဲ ငါးခု ရှိပြီး စုစုပေါင်း ၁၄၈ ဒသမ ၃ ကီလို မီတာ ရှည်လျားပြီး ဘူတာပေါင်း ၈၀ ခန့် ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာလ အထိ တညင်းကုန်း-အင်းစိန် ရထား လမ်းပိုင်းကို အဆင့်မြှင့်တင်ခဲ့သည်။
ရန်ကုန်မြို့ပတ် ရထားလမ်း (အရှေ့ခြမ်း) အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် များကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း သိရသည်။