မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျာမနီနှင့် ပြင်သစ် ၅ နိုင်ငံ စုပေါင်း၍ ရုပ်သေး အလုပ်ရုံဆွေးနွေးပွဲနှင့် ဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Empty Space Chiangmai (ESC) တွင် ယနေ့ ည ၇ နာရီတွင် လည်းကောင်း၊ ၂၉ ရက်နေ့ ည ၇ နာရီတွင် ချင်းမိုင်မြို့ Art Museum ၌လည်းကောင်း ကျင်းပမည် ဖြစ်သည်။ မြန်မာရုပ်သေးအဖွဲ့ ကိုယ်စားပြု၍ ထွေးဦး (မြန်မာ) အဖွဲ့က တက်ရောက်မည်ဖြစ်ပြီး လာမည့် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့၌ ၅ နိုင်ငံ ရုပ်သေးအလုပ်ရုံ ဆွေးနွေးပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပသွားရန်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။