မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဟာသပညာရှင် ကိုဇာဂနာတို့ ကျင်းပသည့် လွတ်လပ်ခြင်းအတွက် ရုပ်ရှင်ပြိုင်ပွဲ ဖွင့်ပွဲ အစီအစဉ် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီခွဲခန့်တွင် ရန်ကုန်မြို့ အင်လျားလမ်းနှင့် ဓမ္မစေတီလမ်း ထောင့်ရှိ Relax စားသောက်ဆိုင်တွင်ကျင်းပကြောင်း ကိုဇာဂနာက ပြောသည်။ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရုပ်ရှင်ကားများကို ဒီဇင်ဘာ၂၀ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် ဆုပေးပွဲကျင်း ပမည်ဖြစ်ကြောင်း၊ သီးလေးသီးနှင့်ဆေးရောင်စုံ အငြိမ့်ဖြင့် ဂုဏ်ပြုဧည်ခံမည်ဖြစ်ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။