သတင်းတို
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်
This article has been converted from Zawgyi One to Unicode
အမေရိကန်နိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် အလုပ်သမားရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာသည် မြန်မာနိုင်ငံ ၄ ရက်ကြာ ခရီးစဉ်ကို မနက်ဖြန် စတင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည် မတွေ့မည်ကို ရှင်းလင်းစွာ မသိရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သောကြာနေ့တွင် တွေ့ဆုံဖွယ် ရှိကြောင်း AFP သတင်း တွင် ရေးထားသည်။ တချိန်တည်းတွင်ပင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချယ်လ် သည် လည်း တတိယအကြိမ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိသည်ဟု ဆိုသည်။