အစိုးရက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ခေါင်းဆောင်တချို့ကို အပစ်အခတ်ရပ်စဲရေး အတွက် ကရင်ပြည်နယ် ဝန်ကြီးရုံး၌ အောက်တိုဘာ၂၆ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့သည်။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ ဦးသိန်းဇော်၊ ဦးအောင်သောင်း၊ ကရင်ပြည်နယ် ဝန်ကြီး ဦးဇော်မင်းတို့က DKBA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူး စန်းအောင်က ဧရာဝတီကို ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။