ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေ နမ်ဘီယာသည် ယနေ့ မြန်မာနိုင်ငံသို့ရောက်ရှိနေကြောင်း သိရသည်။ ၎င်း၏ နိုဝင်ဘာ ၄ ရက်နေ့အထိ ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ၊ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးတို့ အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း AFP သတင်း၌ ဖော်ပြထားသည်။ မစ္စတာ နမ်ဘီယာသည် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံ ကို သွားရောက်ခဲ့သေးသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။