မဲခေါင်မြစ် လူသတ်မှုနောက်ဆက်တွဲ အရေးယူရန် တရုတ်လိုလား
This article has been converted from Zawgyi One to Unicode
ွှတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ် သဘောၤသား ၁၃ ဦး ယခုလဆန်းပိုင်းက အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာ၊ ထိုင်း နှင့် လာအို နိုင်ငံများပူးပေါင်း၍ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် တရုတ် အာဏာပိုင်များက ပြောဆို လိုက်သည်။

မဲခေါင်မြစ်အတွင်း လုံခြုံရေးအတွက် အဆိုပါ ၃ နိုင်ငံက ပူးပေါင်းတာဝန်ယူရန်နှင့် ထောက်လှမ်းရေး သတင်း အချက်အလက် များ ဖလှယ်ကြရန်လည်း တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီး Meng Jianzhu က ပြောကြားခဲ့သည်ဟု AP သတင်း၌ ယနေ့ ရေး သား ထားသည်။
တရုတ်သဘောၤသား ၁၃ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်း စစ်သား ၉ ဦးသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန် မြို့နယ် ရဲ ဌာနတွင် သောကြာနေ့က လာရောက် အဖမ်းခံခဲ့ကြောင်း ထိုင်း သတင်းများကလည်း ဖော်ပြသည်။
အဆိုပါ တရုတ်သဘောၤသား ၁၃ ဦး ၏ ရုပ်အလောင်းများကို ချင်းစန်မြို့နယ်အတွင်း အောက်တိုဘာ ၅ ရက်နှင့် ၈ ရက်နေ့များ က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၉ ဦး ၏ ရုပ်အလောင်များတွင် လက်ကိုကြိုးတုပ်၍ မျက်စိကို ပိတ်စည်းထားသည်များကိုတွေ့ရှိရကြောင်း၊ အားလုံး ၁၃ ဦးဖြစ်ပြီး ကျန်တဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ထိုင်းစစ်တပ်က ပြောဆိုထားသည်။
အသတ်ခံရသည့် သင်္ဘောသားများသည် Hua Ping နှင့် Yu Xing 8 Hao အမည်ရှိ ကုန်တင်သဘောၤများမှ ဖြစ်ပြီး ထိုသဘောၤ၂ စီးကို ထိုင်းစစ်တပ်ကတားဆီးရာ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် Hua Ping သင်္ဘောပေါ်မှ စိတ်ကြွဆေးပြား ၅ သိန်း၂ သောင်းနှင့် Yu Xing 8 Hao မှ ၄ သိန်း ကို ထိုင်း စစ်တပ်က သိမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် တရုတ်သဘောၤသားများ အသတ်ခံရမှုသည် မူးယစ်ဆေးဝါးများ၊ တရားမဝင် မှောင်ခိုပစ္စည်း သယ်ဆောင်မှုများ နှင့် ပတ်သက်နိုင်ကြောင်း ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းဖြစ်ရပ်သည် ရှမ်း မူးယစ်ရာဇာ နော်ခမ်း၏ လက်ချက်ဖြစ်ကြောင်း စောစောပိုင်းတွင် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏
စွပ်စွဲမှုများလည်း ရှိသည်။
ထိုင်း ဒု ဝန်ကြီးချုပ် Mr Chalerm က ရဲ တပ်ဖွဲ့၌ သက်သေ အခိုင်အလုံရရှိထားကြောင်း၊ သေဆုံးသွားသော တရုတ်အမျိုးသား ၁၃ ဦး၏ နောက်ခံအကြောင်းများကို စုံစမ်းချက် အရ မူးယစ်းဆေးဝါး ရောင်းဝယ်ရေးတွင် ပါဝင်ပတ်သက်သူများ မဟုတ်နိုင်ကြောင်း၊ ရိုးရိုး သင်္ဘောသားများသာ ဖြစ်ကြောင်း ယမန်နေ့က နေးရှင်းသတင်းစာသို့ ပြောကြားထားသည်။
ထိုသို့ တရုတ်သင်္ဘောသားများ အသတ်ခံရမှုကြောင့် မဲခေါင်မြစ်အတွင်း သွားလာနေသည့် တရုတ်ကုန်တင် သင်္ဘောများကို အောက်တိုဘာ လလယ်ပိုင်းက စတင်၍ ရပ်ဆိုင်း ထားခဲ့သည်။ ယင်း ကုန်တင်သင်္ဘောများသည် ထိုင်းနိုင်ငံ ချင်းစန်မြို့နယ်မှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်အထိ ကုန်များကို အပြန်အလှန် သယ်ယူပို့ဆောင်ကြောင်း သိရသည်။
တရုတ်သင်္ဘောသားများ အသတ်ခံရမှုကြောင့် မဲခေါင်မြစ်အတွင်း လုံခြုံရေးနှင့် ပတ်သက်ပြီး မြန်မာ ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီး Meng Jianzhu နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာအစိုးရအနေဖြင့် မဲခေါင်မြစ်အတွင်း လုံခြုံရေး၊ နယ်စပ် ဖြတ်ကျော် မှုခင်းများ၊ နိုင်ငံတကာ ရေကြောင်း သွားလာမှု လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အလေးထား၍ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ခဲ့သည်ဟု သိရသည်။