သတင်းတို
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် နေပြည်တော်တွင် Green Economy and Green Growthအမည်ရ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မှစတင်၍ ၄ ရက်ကြာ ကျင်းပရန်ရှိသည်။ ယင်း ဆွေးနွေးပွဲကို နိုင်ငံတကာ ပညာရှင်များနှင့်
မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာ၊ နော်ဝေ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံတကာ အကူအညီပေးရေး ဝန်ကြီး တို့အပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။