သတင်းတို
KNU ကို အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းနေ
This article has been converted from Zawgyi One to Unicode
ကရင် အမျိုးသား အစည်းအရုံး(KNU)ကို အစိုးရက ယခုရက်ပိုင်းအတွင်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုပြုလုပ်ကြောင်း သိရသည်။
အစိုးရဘက်က ပြည်နယ်အဆင့်ကိုယ်စားလှယ်များနှင့် KNU ဘက်က အထွေထွေအတွင်းရေးမှူး အပါအဝင် ကိုယ်စားလှယ်များ တရားဝင် နှစ်ကြိမ် တွေ့ဆုံပြီး ဖြစ်သည်ဟု KNU ဒု ဥက္ကဌ ဒေးဗစ်တာကပေါက ပြောကြောင်း ဘီဘီစီ သတင်း၌ ပါရှိသည်။ KNU သည် နှစ်ပေါင်း ၆၀ ကျော် အစိုးရကို ဆန့်ကျင်တော်လှန်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။