အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်ရောက်ရှိမည် ဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူများနှင့်နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ပြီး မြန်မာပြည်တွင်းရှိ နိုင်ငံတကာ အဖွဲ့ အစည်း များ၊ လူမှုရေးအဖွဲ့အစည်းများ၊ အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။
ဒဲရက် မစ်ချယ်၏ ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်သူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေး ဆိုင်ရာ အမေရိကန် လက် ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ သည် မြန်မာနိုင်ငံသို့ ယနေ့ ကြိုတင်ရောက်လာမည်ဖြစ်ကြောင်း အမေရိကန်ပြန် ကြားရေးဌာန က ထုတ်ပြန်ထားသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲသည် မကြာခဏလာရောက်ရန်ရှိပြီး နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးကိစ္စ၊တိုင်းရင်း သားဒေသများ၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ပပျောက် ရေး ဆိုင်ရာကိစ္စများ အတွက် မြန်မာအစိုးရကို ဆက်လက် တိုက်တွန်းမည် ဖြစ်သည်။
မစ္စတာ မစ်ချယ်သည် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံရပြီး မြန်မာနိုင်ငံသို့ ၃ ကြိမ်မြောက်လာရောက်ခြင်း ဖြစ် သည်။ ခရီးစဉ်တိုင်းတွင် အစိုးရတာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့များနှင့်တွေ့ဆုံ၍ စီးပွားရေး ပိတ်ဆို့မှုနှင့် နိုင်ငံရေး ကိစ္စများ ကို ဆွေးနွေးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ထားသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းနှင့်ပတ်သက်၍ သတင်းစာဆရာ မောင်ဝံသက“ခရီးစဉ်တွေက ပုံမှန်လည်ပတ်မှု ထက်ပိုနေတဲ့အတွက် လုပ်စရာတွေကို ခပ်သွက်သွက် လုပ်သွားချင်တဲ့သဘောပါ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိစ္စတွေ၊ အဓိ က တော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေကို မြန်မြန် လုပ်စေချင်တဲ့ သဘောလို့ထင် တယ်”ဟု ဆိုသည်။
လတ်တလော အခြအနေအရ မြန်မာနိုင်ငံ၌ အပြောင်းအလဲ ဖြစ်ပေါ်နေသည်ဟု ပြည်တွင်း၊ ပြည်ပက မြင်နေကြကြောင်း၊ထို အပြောင်းအလဲသည် အနှစ်သာရပြည့်ဝသော အပြောင်းအလဲ ဟုတ်မဟုတ်ကို အမေရိကန်အစိုးရ အနေဖြင့် အတွင်းကျကျ
လေ့လာနေခြင်း ဖြစ်နိုင်သည် ဟု နိုင်ငံရေးအကဲခတ် တချို့က ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က“တကယ်ပဲ ပြောင်းလဲနေပြီလား၊ အပြောင်းအလဲတွေနဲ့အတူ နိုင်ငံရေးအရ ဘယ်လိုဆက်ဆံမလဲ ဆိုတဲ့ရည်ရွယ်ချက်တွေကို အဘက်ဘက်က အတွင်းကျကျသိ အောင် လုပ်ချင်တဲ့ သဘောတွေပါနေတယ်လို့ သုံးသပ်လို့ရတယ်”ဟု ဆိုသည်။
ဒဲရက် မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်တာဝန် ထမ်း ဆောင်ခဲ့ပြီး စက်တင်ဘာ နှင့် အောက်တိုဘာ လများတွင် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှု၊ နိုင်ငံရေးအကျဉ်းသား တချို့လွှတ်ပေး
ခြင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများသည် အမေရိကန်ကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် နောက်ဆက် တွဲ ဖြစ်ပေါ်ပြောင်းလဲမှုများဟု နိုင်ငံရေးသမား တချို့ က သုံးသပ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး ကိစ္စများ တိုးတက်ပြောင်းလဲနေမှုများကို အမေရိကန်အစိုးရ
အနေဖြင့် ကူညီနိုင်ရေးနှင့် တိကျသော လုပ်ငန်းစဉ်များကို လက်တွေ့ဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်း မြန်မာ့အရေး
လေ့လာသူ ဒေါက်တာဇော်ဦးက ပြောသည်။
“ကိုယ်စားလှယ်ခန့်တာကို က အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် အလေးထားလာတဲ့သဘောပါ၊ အခု ခရီးစဉ်မှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပါလာတဲ့အတွက် တိုက်ရိုက် ကူညီမှုတွေ ဖြစ်ဖို့ ပိုမိုနီးစပ်လာပြီလို့ ပြောလို့ရတယ်”ဟု ၎င်း က ဆက်ပြောသည်။
အမေရိကန်အစိုးရနှင့် မြန်မာအစိုးရကြား ဆက်ဆံရေးကောင်းမွန်လာခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ထိခိုက်မှုမဖြစ်ပေါ်နိုင်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးမြှင့်နေကြောင်း၊ နိုင်ငံတကာ သံတမန်များ၏
မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုသည် မြန်မာ့အပြောင်းအလဲအတွက် ကောင်းမွန်သည့်အခြေအနေဟု ဒေါက်တာ ဇော်ဦးက ဆို သည်။
အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် တရုတ်နိုင်ငံအပေါ် မြန်မာအစိုးရ၏ မှီခိုအား ထားမှုကို ပိုမိုဖြစ်စေကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူများကလည်း သုံးသပ်လေ့ရှိသည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ ပြောင်းလဲတိုးတက်မှုမရှိဟုဆိုကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေတရပ်ကို၂၀၀၃ ခုနှစ်က ပြဌာန်းခဲ့ပြီး နှစ်စဉ် သက်တမ်းတိုးမြှင့်ခဲ့သည်။
စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုသည် မြန်မာပြည်သူလူထုအတွက် အကျိုးမရှိသောကြောင့် သမ္မတ အိုဘားမားအစိုးရက ၂၀၀၉ ခုနှစ် တွင် ပိတ်ဆို့မှုနှင့် ထိတွေ့ဆက်ဆံမှု ဟူသော ပေါ်လစီ ၂ ရပ်စလုံးကို ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။