ပြည်ပအခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ(ENC)က Discrimination, Conflict and Corruption အမည်ရှိ အစီရင်ခံစာ တစောင်ကို ထုတ်ဝေလိုက်သည်။ ယနေ့နံနက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chiang Mai Orchid ဟိုတယ်၌ ကျင်းပသည့် ယင်း အစီ ရင်ခံစာ ထုတ်ဝေခြင်း အခမ်းအနားတွင် တာဝန်ရှိသူ တဦးက လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲများသည် နိုင်ငံရေး ပါတီများ၊ ခေါင်းဆောင်များ ကြားတွင်သာ ဖြစ်နေပြီး လူထုကြားတွင်လည်း ပြောင်းလဲရန်လိုကြောင်း၊ ထို့ကြောင့် လူထုကြား၌ ဖြစ်နေသော လူမျိုးရေး ခွဲခြားမှု၊ အကျင့်ပျက် ခြစားမှုနှင့် ပဋိပက္ခ များကို ထည့်သွင်းစဉ်းစားနိုင်ရန် သုတေသနလုပ်၍ ယခု အစီရင်ခံစာအား ထုတ် ဝေရခြင်း ဖြစ်ကြောင်း ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။