ကချင် လွတ်လပ်ရေး တပ်မတော်(KIA)က မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ်ဓာတ်အားများ ယမန်နေ့ ညနေ ၄ နာရီခွဲ ခန့်က ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။ ကချင်ပြည်နယ် ဝိုင်းမော် ဒေသတွင် အစိုးရစစ်တပ်နှင့် ကချင် လွတ် လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ လျှပ်စစ် ဓာတ်အားကြိုး တချောင်း ပျက်စီးသွားသည်ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။ ယင်းလျှပ်စစ်ဓာတ်အား စက်ရုံးကို KIA တပ်ဖွဲ့ဝင်များက ပိုင်ဆိုင်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။