ထိုင်းနိုင်ငံတွင် ရေဘေး ဒုက္ခကြုံနေရသည့် မြန်မာပြည်သားများကို ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့် ပူး ပေါင်း၍ မြန်မာ သံရုံးက ယာယီနေထိုင်ခွင့် စာရွက်စာတမ်းများကို အောက်တိုဘာ၂၉ ရက်နေ့က စတင် ထုတ်ပေးနေကြောင်း သိရ သည်။
ဘန်ကောက်မြို့၏ တောင်ဘက် နခွန်ပထုန် မြို့နယ်၊ ဝပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်းအတွင်း ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းသို့ သွားရောက်ခဲ့သည့် မြန်မာသံရုံးမှ သံမှူး ဦးနိုင်ထွန်းက ပြောကြားခြင်းဖြစ်သည်။
“ရေဘေးကြောင့် ယာယီပတ်စ်ပို့ ပျောက်ဆုံးတာတွေ၊ နေထိုင်ခွင့် စာရွက်စာတမ်းနဲ့ လက်မှတ်ရှိသူတွေကို ဒီကယ်ဆယ်ရေး စခန်း ထဲမှာ ယာယီ ပတ်စ်ပို့ လုပ်ပေးမယ်၊ တပြိုင်တည်းမှာပဲ ထိုင်းအစိုးရက အလုပ်သမား လက်မှတ်ပါ လုပ်ပေးမယ်၊ ဘာ စာရွက်စာ တမ်းမှ မရှိတဲ့ အလုပ်သမားတွေကိုတော့ ယာယီသွားလာခွင့် လုပ်ပေးထားတယ်”ဟု ဦးနိုင်ထွန်းက ကယ်ဆယ်ရေး စခန်းရှိ အလုပ် သမားများကို ပြောသည်။
ယင်း ရေဘေး ဒုက္ခသည် စခန်းတွင် မြန်မာပြည်သား လူဦးရေ ၃၆၀ ကျော်ရှိပြီး အစားအသောက်နှင့် နေရာထိုင်ခင်း တို့ကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။
ထိုင်း အလုပ်သမား ဝန်ကြီးဌာန ဒု ဝန်ကြီး ဖဒွန်ချိုင်ကလည်း“ဒီစခန်းထဲကို ဘယ်နေရာကမဆိုလာနိုင်ပါတယ်၊ ကောင်းကောင်း မွန် မွန် ကျွေးမွေး စောင့်ရှောက်ထားပါတယ်၊ ဆေးခန်းလည်း ဖွင့်ထားပါတယ်၊ မြန်မာ အစိုးရနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားတွေ အတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးနေပါတယ်”ဟု ပြောကြားသည်။
မကြာသေးခင်က ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီး မြန်မာနိုင်ငံ မြဝတီမြို့ဘက် ပြန်ရောက်လာသည့် အလုပ်သမားများကို လူပွဲစားများက မတရားငွေတောင်းသည့် ဖြစ်ရပ်များ မရှိတော့ကြောင်း သံမှူး ဦးနိုင်ထွန်းက ဆက်ရှင်းပြသည်။
“မြန်မာပြည်ပြန်လို့ရှိရင် ဘတ်ငွေ ၂၅၀၀ ကောက်တယ်ဆိုတာဟာ အခု မဟုတ်တော့ဘူး၊ အခု မဲဆောက်မှာ နေရာ လေးနေရာ ဂိတ် လေးဂိတ်မှာ မြန်မာနိုင်ငံက ရဲ၊ လဝက၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အဲဒီအဖွဲ့လေးဖွဲ့ကနေပြီးတော့ ပြန်လာသမျှ လူတွေကို အကုန်လုံး လက်ခံနေတယ်”ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ရောက်လာသော မြန်မာပြည်သားများကို ဘားအံမြို့အထိ ကားစီစဉ်ပေးသည်ဟုလည်း ဆိုသည်။
တချိန်တည်းတွင်ပင် ထိုင်းနိုင်ငံတွင်း ရေကြီးမှုကြောင့် တချို့ဒေသများတွင် မြန်မာပြည်သားများ ရာနှင့် ချီ၍ အကူအညီမဲ့နေ ကြောင်း ကြားသိရသည်။
ဘန်ဖိုထောင်မြို့နယ်တွင် ရေဘေးဒုက္ခသည်များကို ထိုင်းအလှူရှင်များက အသုံးဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့ပေးသော် လည်း ထိုင်းနိုင်ငံသား ဖြစ်ကြောင်း လက်မှတ်ရှိသူများကိုသာ ပေးကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ကိုအာကာစိုးက ဧရာဝတီသို့ ပြော သည်။
“ထိုင်းနိုင်ငံသား မှတ်ပုံတင်ရှိမှပေးတယ်၊ ကျနော်တို့ကျတော့ မပေးဘူး၊ ထိုင်းနိုင်ငံသား မှတ်ပုံတင် မရှိရင်မပေးဘူး လို့ပြောတယ်” ဟု ၎င်းက ဆိုသည်။
ယင်းဒေသရှိ မြန်မာပြည်သားများက ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကားရေဆေးလုပ်ငန်းများတွင် လုပ်ကိုင်နေ ကြသည်ဟု သိရ သည်။
ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီး ပထုံဌာနီနှင့် စက်မှုဇုန်ကြီး များရှိ စက်ရုံ အလုပ်ရုံများ ပိတ်လိုက်၍ မြန်မာ အလုပ်သမားများ အောက်တိုဘာလ ၁၅ ရက်ခန့်မှ စတင်၍ နေ့စဉ် လူထောင်နှင့်ချီ၍ နေရပ်သို့ ပြန်နေကြ သည်။
ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား၂ သန်းမှ ၄ သန်းကြားရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ပြောဆိုကြသည်။