အကူအညီမပေးမီ စုံစမ်းစစ်ဆေးရန် ဂျပန်ကို တိုက်တွန်း
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံက ဖွံ့ဖြိုးမှုဆိုင်ရာ(ODA)အကူအညီများ မပေးမီ ရေအားလျှပ်စစ် စီမံကိန်းများ၏ အခွင့်အရေး ချိုးဖောက် မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံ မြစ်ချောင်များဆိုင်ရာ ကွန်ရက်(BRN)နှင့် ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေ သန အဖွဲ့(KDRG)တို့က တိုက်တွန်းလိုက်သည်။ ကယား(ကရင်နီ)ပြည်နယ် ဘီလူးချောင်း လောပီတ ရေအားလျှပ်စစ် စီမံကိန်း အမှတ်၂ နှင့် သက်ဆိုင်သော ဒေသခံများကို အဓမ္မ ရွှေ့ပြောင်းခိုင်းမှု၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ဥပဒေမဲ့ သတ်ဖြတ်မှု စသည်တို့အား စုံစမ်းစစ်ဆေးရန် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။ လောပီတ ရေအား လျှပ် စစ် ဓာတ်အားပေးစက်ရုံ အမှတ်၂ ပြုပြင်ရေးအတွက် အကူအညီပေးရန် စဉ်းစားနေကြောင်း ဂျပန်နိုင်ငံက အောက်တိုဘာ ၂၁ ရက် နေ့တွင် ပြောဆိုထားသည်ဟု BRN နှင့် KDRG ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။