ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၄ နာရီခန့်တွင် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် နှင့် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ တွေ့ဆုံရန် ရှိကြောင်း သိရသည်။ မဟာသီယာသည် မြန်မာနိုင်ငံသို့ စီးပွားရေး ကိစ္စနှင့် ရောက်ရှိနေခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်ကိစ္စများဆွေးနွေးမည်ကို မသိရှိရသေးပေ။မဟာသီယာ သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား စေ့စပ်ရေးအတွက် ကြိုးဖမ်းခဲ့ဖူးသူလည်း ဖြစ်သည်။ ညနေ ၅ ခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာ နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။