ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို မြန်မာအာဏာပိုင်များ က ယနေ့မွန်းလွဲ၂ နာရီခန့်တွင် ဖွင့်လှစ်လိုက်သည်။ ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် နေရပ်ပြန်လာသော မြန်မာအလုပ်သမားများ သွားလာရေး လွယ်ကူရန်အတွက် ယာယီဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ထိုင်းနိုင်ငံဘက်မှ ပြန်လာသော မြန်မာ အလုပ်သမား ၁၀၀ ကို ချစ်ကြည်ရေးတံတားပေါ်မှ ဖြတ်ပြန်စေပြီး မြဝတီ ခရိုင် ဥက္ကဌ ဦးဇော်လွင်ဦး ခေါင်းဆောင်သည့် အာဏာ ပိုင် များက ကြိုဆိုခဲ့ကြသည်။ အောက်တိုဘာ လလယ်ခန့်မှ စတင်၍ နေ့စဉ် မြန်မာအလုပ်သမား ထောင်ချီ၍ နေရပ်ပြန်နေကြခြင်း ဖြစ်သည်။ ယင်းချစ်ကြည်ရေး တံတားကို မြန်မာဘက်က ပိတ်ထားသည်မှာ တနှစ်ကျော်ပြီဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။