• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး ဆွေးနွေးရန် KIO ကို ထပ်မံကမ်းလှမ်း

by သန်းထိုက်ဦး
3 November 2011
in သတင်း
A A
ငြိမ်းချမ်းရေး ဆွေးနွေးရန် KIO ကို ထပ်မံကမ်းလှမ်း

ကချင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO ကိုယ်စားလှယ်များ ဇွန်လ ၃၀ ရက်နေ့က ကချင်ပြည်နယ် လဂျားယံ တွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)

1.9k
VIEWS
Share on FacebookShare on Twitter

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ကို အပစ်အခတ် ရပ်စဲရေး အတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဇော်က အောက်တိုဘာ၂၉ ရက်နေ့တွင် စာတစောင် ပေးပို့ခဲ့သည်။

ကချင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO ကိုယ်စားလှယ်များ ဇွန်လ ၃၀ ရက်နေ့က ကချင်ပြည်နယ် လဂျားယံ တွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)

အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် KIO ကိုယ်စားလှယ်များ လဂျားယန်ဒေသတွင် သြဂုတ်လ ၁ ရက်နေ့က နောက်ဆုံးတွေ့ ဆုံခဲ့သည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
206
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
844

ယခုပေးပို့သော စာကို ဦးသိန်းဇော် ကိုယ်တိုင်ရေးသားပေးပို့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး ကိစ္စများအား လွှတ်တော်အတွင်း နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေး အဖြေရှာရန် တိုက်တွန်းထားကြောင်း သိရသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဝပြည် သွေးစည်းညီညွတ် ရေး တပ်မတော်(UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) စသည့် အဖွဲ့တို့က အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင် ဦးသိန်းဇော် ပေးပို့သောစာတွင် ဖော်ပြထားသည်။

KIOက အင်္ဂါနေ့တွင် ဦးသိန်းဇော်ထံသို့ အကြောင်းပြန်လိုက်သည်။

“ငြိမ်းချမ်းမှု ဆိုတာထက် နိုင်ငံရေး ဆွေးနွေးမှုကို လိုချင်တဲ့ သဘောဆန္ဒတွေကို စာနဲ့ ရေးပြီတော့ အကြောင်းပြန်လိုက်တယ်၊ ဘယ်လိုတွေ့ရအောင်၊ ဆုံရအောင်၊ ပြောဆိုရအောင် ဘာမှ မပါဘူး”ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြော သည်။

ဦးသိန်းဇော် ရေးပို့သည့် စာဖြစ်သောကြောင့် KIO ဘက်ကလည်း ပုဂ္ဂိုလ်ရေးအရ စာပြန်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းစာပေးပို့မှုသည် လတ်တလော မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ၊ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်တို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“ဒီလိုမျိုး ပုဂ္ဂိုလ်တွေ လာတဲ့အချိန်မှာ သူကတော့ ဒီလက်နက်ကိုင် အင်အားစုတွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ငြိမ်းချမ်းရေးရ အောင် ပြုလုပ်နေကြပါတယ်ဆိုတဲ့ ဟာမျိုးကို လုပ်တယ်လို့ပဲ မြင်တယ်”ဟု ဦးလနန်က ရှင်းပြသည်။

ထိုလုပ်ရပ်သည် နိုင်ငံခြား သံတမန်များကို အစိုးရက နိုင်ငံရေး လှည့်ကွက်တခုပြခြင်းပင် ဖြစ်ကြောင်း၊ ယခုရက်ပိုင်း အတွင်း ကချင်ပြည်နယ် KIO ထိန်းချုပ်ဒေသတွင် အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများက စစ်သည် အင်အားတိုး ချဲ့နေကြောင်း လည်း ၎င်းက ဆိုသည်။

ဤအတောအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် အစိုးရ ခြေလျင်တပ်ရင်း (ခမရ) အမှတ် ၃၂၁ တပ်ဖွဲ့က နယ်မြေရှင်းလင်း ရေး ပြုလုပ်ခဲ့ရာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် KIAက မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားပြီး ဓာတ်ဆီ နှင့် မီးစက်များ ဈေးတက်သွားကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့ ဒေသခံတဦးက မီးပျက်သွားသည့် နေရာသို့ သွားရောက်ပြင်ဆင်နေကြောင်း၊ ယနေ့ ညနေပိုင်တွင် မီးပြန်လာနိုင် ကြာင်း ပြောဆိုနေကြသည်ဟု ဆိုသည်။

KIO ခေါင်းဆောင်များက ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် နောက်ပိုင်း ထိုလျှပ်စစ်ဓာတ်အားကို မလိချောင်း ရေအားလျှပ်စစ်မှ ထုတ်ယူခဲ့ပြီး၂၀၀၅ – ၂၀၀၆ ခုနှစ်က ကချင်ဒေသရှိ ပြည်သူများကို လျှပ်စစ်ဓာတ်အား စတင် ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

ဦးလနန်က“သက်ဆိုင်ရာကလည်း ဒီကစ္စကို အမြန်ဖြေရှင်ပေးပြီးတော့ လုပ်တော့လုပ်မယ် ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ ဌာနဆိုင်ရာတွေရော ဒီမီးကိုပဲ အားကိုးပြီးတော့ သုံးနေကြတယ်၊ ဒီမီးကို အကြာကြီး အပျက်ခံလိမ့်မယ်လို့ မထင်ဘူး”ဟု ဆို သည်။

KIO သည် ၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် အစိုးရက မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ရာမှ နှစ်ဘက်တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

Your Thoughts …
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
နေရပ်ပြန် အလုပ်သမားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပေး

နေရပ်ပြန် အလုပ်သမားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပေး

မိုင်အဲမလီ

အလွဲများနဲ့ မျဉ်းပြိုင် (အပိုင်း ၂)

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate