သတင်းတို

ဂျပန် - အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ ရန်ကုန်တွင်ကျင်းပ

This article has been converted from Zawgyi One to Unicode

၃၇ ကြိမ်မြောက် အာဆီယံ – ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန် ဆီဒိုးနာဟိုတယ်တွင် တတိယမြောက်နေ့ အဖြစ် ကျင်းပရာ ဂျပန်၊ အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ၄၀၀ ခန့် တက်ရောက်သည်ဟု သတင်းရရှိသည်။ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ လုပ်ငန်းရှင် ဦးလှမောင်ရွှေက ယခုဆွေးနွေးပွဲသည် နှစ်၂၀ တွင် တကြိမ်သာ မြန်မာနိုင်ငံ၌ ကျင်းပခွင့် ရရှိခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိထိုင်းနိုင်ငံ ရေဘေးကြောင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံများ ရေနစ်နေသဖြင့် မြန်မာပြည်အတွက် စီးပွားရေး ဈေးကွက်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလားအလာ ကောင်းမွန်မည်ဖြစ်ကြောင်း ပြောသည်။

Loading