ိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့ ကိုယ်စားလှယ်များ အပစ်အခတ်ရပ်စဲရေး အတွက် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ ယမန်နေ့က သဘောတူ လက်မှတ် ရေးထိုးလိုက်ကြောင်း DKBA တပ်မဟာ ၅ ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ အစိုးရက အမှန်တကယ် အပစ်အခတ်ရပ်စဲရေးလုပ်မည်ဟု ထင်သောကြောင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ် ပြီး နိုဝင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ပထမအကြိမ် ဆွေးနွေးပွဲ ပြုလုပ်သည့် ကရင်ပြည်နယ် ဘားအံမြို့တွင်ပင် ယခု ဒုတိယ အကြိမ် တွေ့ ဆုံခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် အစိုးရဘက်မှ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော်
ဦးဆောင်ပြီး DKBA ကိုယ်စားလှယ် အဖွဲ့ကို ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေး ဦးဆောင်သည်ဟု သိရသည်။
အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူလက်မှတ်ထိုးပြီးနောက် ဘားအံ အခြေစိုက် တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း တချို့ပြန် ဆုတ်သွားကြောင်း၊ မြဝတီမြို့နယ်အတွင်းရှိ ဆုံဆည်းမြိုင် ဒေသတွင် DKBA ဌာနချုပ် သတ်မှတ်ရန် အစိုးရကစီစဉ် ထားကြောင်း စောလားပွယ်က ဆက်ပြောသည်။
DKBA အဖွဲ့သည် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပူးပေါင်းပြီး မဟာမိတ်အဖြစ် ရပ်တည်ခဲ့သော်လည်း အစိုးရကိုယ် စားလှယ်များနှင့် သွားရောက်ဆွေးနွေးမှုနှင့် ပတ်သက်၍ KNUကို အသိပေးခြင်း မရှိကြောင်း သိရသည်။
ဤအတောအတွင်း KNU၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တပ်တော် မြောက်ပိုင်း (SSA-N)၊ ကချင်လွတ်လပ်ရေး တပ်မ တော်(KIA) တို့ကိုလည်း အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းလျက်ရှိသည်။
ယခင် စစ်အစိုးရ လက်ထက်တွင် ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို DKBA တပ်ဖွဲ့ဝင်အများစုက ပြီး ခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းက လက်ခံခဲ့ကြသော်လည်း ဗိုလ်ချုပ် စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေးက ယင်းအစီ အစဉ် ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များသည် မြဝတီမြို့ ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် KNU တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ပြန်လည်လှုပ်ရှားခဲ့သည်။
ထို့အပြင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့ များမှ စတင်၍ ကရင်ပြည်နယ် အတွင်းရှိ အစိုးရတပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
လတ်တလောတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း၌လည်း တိုက်ပွဲများဖြစ်ပွားနေပြီး ရာနှင့်ချီသော ဒေသခံများ ထွက် ပြေး တိမ်းရှောင်နေကြရသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာပြီး ပြည်တွင်းစစ် ဖြစ်ပွားခဲ့ သည်။
၁၉၈၈ နောက်ပိုင်းတွင် အစိုးရက လက်နက်ကိုင်အဖွဲ့အများအပြားနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ခဲ့သော်လည်း ယနေ့ အချိန်အထိ တည်ငြိမ်အေးချမ်းမှု မရှိသေးပေ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ စသည့် တိုင်းရင်း သားဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေကြသည်။