သတင်းတို

စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဟု HRW ပြော

This article has been converted from Zawgyi One to Unicode

ရွေးကောက်ပွဲ တနှစ်ပြည့်ပြီးချိန်အထိ လက်ရှိအရပ်သား အစိုးရသစ်သည် မြန်မာပြည်တွင်း၌ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းခြင်းမရှိဘဲ ဖုံးဖိထားကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW) က ပြောဆိုလိုက်သည်။ တိုင်းရင်းသားဒေသများရှိ ပဋိပက္ခဖြစ်ပွားရာနယ်မြေများတွင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အပြုအမှုများ၊ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းမှုများ၊ အစိုးရအနေဖြင့် အရပ် သား ပုံစံ အပြောင်းအလဲများ ပြုလုပ်နေသည်ဟုဆိုသော်လည်း တရားရုံးများတွင် ယခင်အတိုင်း ဥပဒေကို လိုသလို အသုံးပြု၍ တရားစီရင်နေမှုများ ရှိနေကြောင်း သောကြာနေ့က HRW ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Loading