သတင်းတို

တရုတ်ပြည်က ဗုဒ္ဓစွယ်တော် နေပြည်တော် ရောက်ရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော်သည် ယမန်နေ့က နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်သို့ ရောက်ရှိလာသည်။ ယင်းစွယ်တော် ကြိုဆို ပင့်ဆောင်သည့် အခမ်းအနားကို နေပြည်တော်လေဆိပ်မှ စတင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီး နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ ဥက္ကဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ သမ္မတ ဦးသိန်းစိန် ၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် အစိုးရအဖွဲ့ဝင်များက ပူဇော် ဖူးမြော်ကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယခုပင့်ဆောင်လာသည့် စွယ်တော်မှာ ဗုဒ္ဓ ၏ အထက် ဝဲဘက် စွယ်တော်ဖြစ်သည်ဟုလည်း ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading