မြန်မာနိုင်ငံတွင် အရေးကြီးသည့် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်နေသည်ကို ကြိုဆိုကြောင်း ဥရောပ သမဂ္ဂ (EU) အဆင့်မြင့် သံတမန် တဦးက ပြောကြားလိုက်သည်။ ထိုအပြောင်း အလဲများအတွက် ကူညီထောက်ပံ့ပေးနိုင်ရန်များစွာ မျှော်လင့်ထားသည် ဟု လည်း ဆိုသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရောက်ရှိနေသော EU သံတမန် David Lipman က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ် သည်။ David Lipman သည် ယနေ့ စတင်ပြီး ရန်ကုန်မြို့တွင် EU က ဦးဆောင် ကျင်းပသော ဆင်းရဲမွဲတေမှု လျော့ကျရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း AFP သတင်းတရပ်၌ ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။