ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) က မြန်မာဘောလုံး အသင်းအား ၂၀၁၈ ကမ္ဘာ့ ဖလားခြေစစ်ပွဲဝင်ခွင့် ပိတ်ပင်ထားခြင်းကို ပြန်လည် ခွင့်ပြုလိုက်သည်။ မြန်မာဘောလုံးအဖွဲ့ချုပ်က တင်ပြလာသည့် အသနားခံမှုအတွက် နိုဝင်ဘာ ၄ ရက်တွင် FIFA က ဆွေးနွေးဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပသော၂၀၁၄ ကမ္ဘာ့ ဖလား ခြေစစ်ပွဲအတွက် မြန်မာနှင့် အိုမန် အသင်းတို့ ယှဉ်ပြိုင်ရာ၌ မြန်မာအသင်း ရှုံးသည်ကို မကျေနပ် သည့် ပရိသတ်က ဘောလုံးကွင်းအတွင်းသို့ ဖိနပ်၊ ခဲ ၊ ရေပုလင်းများနှင့် ပစ်ပေါက်၍ ပွဲပျက်သွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် FIFA က မြန်မာ ဘောလုံးအသင်းကို ၂၀၁၈ ကမ္ဘာ့ ဖလားခြေစစ်ပွဲ ဝင်ခွင့် ပိတ်ပင်လိုက်ပြီး ဖရန့်ငွေ ၂၅၀၀၀(ဒေါ်လာ ၂၇၇၅၈ ခန့်) ဒဏ် တပ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။