ပျဉ်းမနားမြို့၌ ယခုလ ၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် “ထူးချွန် ထင်ရှား ပေါင်းလောင်းသား” ပန်းချီပြပွဲကို ဒေသခံ အာဏာ ပိုင်များက ခွင့်ပြုမိန့်မပေးခဲ့ကြောင်း ပါဝင်ပြသမည့် ပန်းချီဆရာတဦးက ပြောသည်။ မူလက နိုဝင်ဘာ ၁ ရက်တွင် ပြပွဲကျင်းပ ရန် စီစဉ်ထားသော်လည်း အာဏာပိုင်များက ရက်ရွှေ့ဆိုင်းရန်ပြောသည့်အတွက် ၅ ရက်သို့ ပြောင်းလဲခဲ့ရပြီး ယခုအခါ ပွဲမိန့်ပါ မပေးခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း ပန်းချီပြပွဲတွင် ပျဉ်းမနားမြို့၏ထင်ရှားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အနုပညာ နယ် ပယ် မှ ပုဂ္ဂိုလ်များ၏ ပုံတူ ဆီဆေး၊ ရေဆေးနှင့် အခရိုက်လစ် ပန်းချီများကို ပြသမည်ဖြစ်ကြောင်း ကြော်ငြာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။