လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာက အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူရန်အတွက် ကြိုးပမ်းမှုကို အာဆီယံ ခေါင်းဆောင်များက ထောက်ခံ အားပေးဖွယ်ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ယနေ့ ပြောဆိုလိုက်သည်။ ယင်း ကိစ္စသည် ပြီးခဲ့သည့်မေလ အာဆီယံထိပ်သီး စည်းဝေးပွဲနှင့် ဇူလိုင်လ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကတည်း က အစီအစဉ်ရှိပြီးဖြစ်ကြောင်း၊ နောက်တပတ်အတွင်း၌ အမေရိကန် သမ္မတ အိုဘားမား တက်မည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် ကျင်းပမည်ဖြစ်သော အာဆီယံ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ၌ မြန်မာသည် အာဆီယံ နိုင်ငံများကိုယ်စားပြု၍ မိန့်ခွန်းပြော ရန်ရှိကြောင်းလည်း AFP သတင်းတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။