မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက အင်းစိန် အကျဉ်း ထောင်အတွင်း အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသား ၁၅ ဦး၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်ကြောင်းနှင့် ကျန်းမာရေး စောင့် ရှောက်မှု အမြန်ဆုံးပေးရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။ ၎င်းတို့သည် အောက်တိုဘာ လကုန်ပိုင်းက စတင်ဆန္ဒပြနေခြင်းဖြစ် သည်။ ဆန္ဒပြသူများသည် သောက်ရေအတွက် ငြင်းဆိုထားပြီး ၈ ဦးမှာ စစ်ခွေးတိုက်သို့ အပို့ခံထားရသည်ဟု သိရကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်ရှိ အရှင် ဂမ္ဘီရသည်လည်း ကျန်းမာရေး ဆိုးဝါးနေသည်ဟု သိရှိရ၍ စိုးရိမ်ကြောင်းနှင့် ကျန်း မာရေး စောင့်ရှောက်မှုလိုအပ်ကြောင်း မစ္စတာ ကင်တာနာ က ပြောဆိုသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။