သတင်းတို
ကာတွန်း ဦးဘဂျမ်း ဂုဏ်ပြု ကာတွန်းပြပွဲ ကျင်းပ
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ ၁၃ လမ်း (အောက်လမ်း) တွင် ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြု၍ ၆၈ ကြိမ်မြောက် ကာတွန်း ပြပွဲ၊ မီးထွန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုကျင်းပမည်ဖြစ်ပြီး ကာတွန်းပြပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက် အထိ ပြသမည်ဖြစ်သည်။ ကာတွန်းပြ ပွဲ၌ ဦးဘဂျမ်း ၏ ကာတွန်းလက်ရာများ အပါအဝင် မြေဇာ၊ ငွေကြည်၊ ကာတွန်းမြင့်သိန်း၊ ရွှေမင်းသား၊ သစ်ထွဏ်း၊ တင်အောင်နီ၊ အောင်အောင် စသည့် နာမည်ကြီး ကာတွန်းဆရာများ၏ ကာတွန်းပေါင်း ၃၀၀ ခန့် ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ကာတွန်း ဦးဘဂျမ်း သည် ၁၉၀၂ ခုနှစ်တွင် မွေးဖွား၍ ၁၉၅၃ ခုနှစ်က ကွယ်လွန်ခဲ့သည်။