သတင်းတို

ဒေါ်အောင်ဆန်းစုကြည် ဦးမောင်ကို ၂၁ နှစ်ပြည့် အခမ်းအနားတက်

This article has been converted from Zawgyi One to Unicode

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ကန်ဖျားကျောင်း တိုက်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်ဟောင်း တဦးဖြစ်သော ဦးမောင်ကို ကွယ်လွန်ခြင်း၂၁နှစ် ပြည့် အခမ်းအနားသို့ သွားရောက်ကြောင်း သိရသည်။ ဦးမောင်ကိုသည် NLD တွင် အလုပ်သမားရေး ဆောင်ရွက်နေသည့် ခေါင်း ဆောင်တဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် စစ်ထောက်လှမ်းရေးများ ၏ စစ်ကြောရေး ဒဏ်ကြောင့် ရေကြည် အိုင် စခန်းတွင် ကွယ်လွန်သွားသူဖြစ်သည်။

Loading