အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် အရှေ့တောင် အာရှ နိုင်ငံများဖြစ်သော ထိုင်း နှင့် ဖိလစ်ပိုင် နိုင်ငံ များသို့ မကြာမီလာရောက်ရန်ရှိကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ယခုလအတွင်း ကျင်းပမည့် အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲသို့ တက်ရောက်ရန်ရှိပြီး ယင်း အစည်းအဝေး မတိုင်မီ လာရောက်မည်ဖြစ်သည်ဟု AP သတင်း၌ ရေးထားသည်။ မစ္စ ကလင်တန် ၏ ခရီးစဉ်သည် အာရှဒေသတွင်းရှိ အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်ချက်ဖြစ် သည် ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။