ရန်ကုန် ကလေးဆေးရုံကြီး၌ ယမန်နေ့ နံနက်ပိုင်းက မအင်ကြင်းခိုင်-မအင်ကြင်းလှိုင် အမည်ရှိ ပဉ္စမမြောက် ရင်ချင်းဆက် အမြွှာညီအစ်မ နှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည်။ ယင်း အမြွှာညီအစ်မသည် အသက် ၂ နှစ် နှင့် ၁၀ လစီရှိပြီး တနင်္သာရီ တိုင်း လောင်းလုံမြို့နယ်တွင် မွေးဖွားခဲ့သူများဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ယခု မအင်ကြင်းခိုင်-မအင်ကြင်းလှိုင် တို့အပြင် ပထမ မနန်းစိုး – မနန်းစံ၊ ဒုတိယ အေးအေးငြိမ်း-အိအိငြိမ်း၊ တတိယ မိုးပပမောင် – မိုး ပပအောင်၊ စတုတ္ထ မစိုပြေလင်း-မစိုပြေဝင်း တို့ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။