သတင်းတို

မစ္စတာ ဘန်ကီမွန်း အာရှ ၃ နိုင်ငံခရီး သွားမည်

This article has been converted from Zawgyi One to Unicode

ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် အာရှနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား နှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံများသို့ လာမည့် စနေနေ့တွင် စတင် သွားရောက်မည် ဖြစ်သည်။ ကလေးနှင့် အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက် မှု ဆိုင်ရာ တိုးတက်မှုများကို ကြည့်ရှုလေ့လာရန် ဖြစ်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ မစ္စတာ ဘန်ကီမွန်း သည် အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ယခုလအတွင်း ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

Loading