ဘီဘီစီ ရေဒီယို မြန်မာဌာနသည် သတင်းတင်ပြပုံ အကောင်းဆုံးနှင့် အရှင်းလင်းဆုံး ဆု ရရှိကြောင်း သိရသည်။ ယင်း ဆုကို The Association for International Broadcasting(AIB) က ချီးမြှင့်ခြင်းဖြစ်သည်။ ဆုပေးရသော အကြောင်း အရင်းမှာ ၂၀၁၀ နိုဝင် ဘာလ အတွင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်သည့် သတင်းကို ဘီဘီစီ က တင်ပြပုံ ကောင်းမွန် သည့်အတွက် ဖြစ်ကြောင်း AIB အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ AIB သည် အင်္ဂလန် အခြေစိုက် နိုင်ငံတကာ ရုပ် သံ နှင့် အသံလွှင့် အဖွဲ့ကြီး ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။