ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကမ်းလွန်ဒေသမှထုတ်လုပ်မည့် ရွှေ သဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တွင်၂၄နာရီ လျှပ် စစ်မီးရရှိရေးအတွက် ပိုစတာကပ်ခြင်း၊ မှုတ်ဆေးဖြင့် စာများရေးသားခြင်း စသည့် လှှုပ်ရှားမှုကို ရခိုင်ပြည်နယ် အတွင်း လူစည် ကားရာ အရပ်များ၌ နိုဝင်ဘာ ၁၀ ရက်နေ့တွင် တပြိုင်တည်းလှှုပ်ရှားခဲ့ကြောင်း သိရသည်။ ထို လှှုပ်ရှားမှုကို ၂၄ နာရီ လှှုပ်ရှားမှု အင်အားစု(ရခိုင်ပြည်) အဖွဲ့မှ ဦးဆောင်ပြီး ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့်မြို့များတွင် လှုပ်ရှားခဲ့ကြကြောင်း လှုပ်ရှားမှုပြုလုပ်သူများက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။