ရခိုင်ပြည်နယ် မင်းပြားမြို့ မြို့မဈေးကြီးတွင် ယမန်နေ့ည ၇ နာရီခန့်မှ စတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ မီးကြွင်း မီးကျန်များကို ဆက်လက် ငြိမ်းသတ်နေရဆဲဖြစ်ကြောင်း မင်းပြားမြို့ခံတဦးက ဧရာဝတီကို ပြောသည်။ ဝါယာရှော့ဖြစ်ရာမှ စတင် လောင်ကျွမ်းသည်ဟု ပြောဆိုနေကြပြီး မီးလောင်မှုကြောင့် ငွေကျပ်သိန်း ပေါင်းများစွာ ဆုံးရှုံးနိုင်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။